Powered by Blogger.
Recent Comments Widget
RSS

How to find Ip address and Location of any FACEBOOK User ? ~ techozee - all latest updates on gadgets, seo tips and tricks and How to Articles

How to find Ip address and Location of any FACEBOOK User ? ~ techozee - all latest updates on gadgets, seo tips and tricks and How to Articles





  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Facebook နဲ့ပတ်သက်လို့ ...

၁။ Like, Comment, Share တစ်ခုခု သို့မဟုတ် အားလုံးကိုလက်ခံနိုင်မှ Post, Photo, Status တင်ပါ။ အကယ်၍ မကြိုက်တဲ့ Comment ပေးလာရင်လည်း Delete လို့ရပါတယ်။ ဒါ့အပြင် လုပ်နိုင်တာတွေ Friend Setting ထဲက Option မှာ ကြိုက်သလိုရွေးလို့ရပါတယ်။ ၂။ ဒီလူ Post တွေတင်တာ သိပ်ကြမ်းတယ်။ ရိုင်းတယ်။ လူ့အဖွဲ့အစည်းကိုထိခိုက်တယ်။ အုံကြွမှုဖြစ်အောင် ဖန်တီးနေတယ်လို့ယူဆရင် Report လုပ်နိုင်တယ်။ နောက်နောင် လုံးဝမမြင်ချင်ဘူးဆိုရင်လည်း Block ပြီး Unfriend လုပ်လိုက်ရုံပဲ။ ၃။ ဒီ Friend ရဲ့ သဘောထားနဲ့လုပ်ဆောင်ချက်တွေ မကြိုက်ဘဲနဲ့တော့ Friend လုပ်မထားပါနဲ့။ ဒေါမနဿ ၀န်ထုပ်ဝန်ပိုးကြီးထမ်းထားရသလိုဖြစ်နေမယ်။ ၄။ အကယ်၍ ဒီ Friend ကို ကြိုက်တော့မကြိုက်ဘူး သူ့လှုပ်ရှားမှုကို လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်ဆိုရင် အဲဒီအတိုင်းပဲနေ၊ Like, Comment, Share တစ်ခုခုသွားမပေးနဲ့။ သူ့ကို စောင့်ကြည့်နေတယ်ဆိုတာ သတိမပေးမိစေနဲ့။ ၄။ သူ့ Timeline ပေါ်က Post, Photo, Status လောက်နဲ့ အပြင်မှာ လက်သီးနဲ့ထိုး ဓါးနဲ့ထိုးပြီး ပြဿနာသွားမရှင်းနဲ့။ Facebook ထဲမှာ သူ့ကို ပြန်လုပ်နိုင်တဲ့အခွင့်အရေးတွေ ပေးထားပြီးသား။ အဲဒါမှ မကျေနပ်သေးဘူးဆိုရင်လည်း တရားမကြောင်းနဲ့ဆိုင်ရင် တရားမကြောင်းနဲ့ တရားစွဲ။ ရာဇ၀တ်ကြောင်းနဲ့ဆိုင်ရင် ရာဇ၀တ်ကြောင်းနဲ့ တရားစွဲ။ အထောက်အထားတော့ ခိုင်လုံပါစေ။ ၅။ Facebook ပေါ်မှာမဆဲနဲ့ ဆဲရင် လူမှုရေးစရိုက်ကို ဝေဖန်တာ ခံရလိမ့်မယ်။ ၆။ ကိုယ်တိုင်နားမလည်တဲ့ အကြောင်းအရာ အတွေးအခေါ်နဲ့ အပြုအမူတွေ တင်မိရင် အသိ၊ ဉာဏ်၊ ပညာ၊ အဆင့်အတန်းကို ကဲ့ရဲ့လိမ့်မယ်။ ၇။ ပေါ်သမျှအကြောင်းအရာတိုင်း Status မတင်နဲ့။ တွေ့သမျှ Post တိုင်းမှာ Comment ၀င်ဝင်မပေးနဲ့။ ဆရာလိုလို သမားလိုလိုအပြုအမူတွေရှောင်။ နားမထောင်ချင်လည်း ကိုယ့်အတ္တနဲ့ ကိုယ်ပဲ။ ကြာရင် ငပေါကြီးဖြစ်ပြီး လူမုန်းများမှာတော့ အသေအချာပဲ။ ၈။ ဒီ Friend နဲ့ Chat မယ်ဆိုရင် ဒီ Friend အကြောင်းသိအောင်အရင်လုပ်။ နင် တစ်လုံး ငါ တစ်လုံးနဲ့ အရင်မဆက်ဆံနဲ့။ အလုံးစုံသိချင်ရင် About မှာကြည့်။ သူတင်ထားသလောက် About ပေါ်မူတည်ပြီး ချင့်ချိန်ဆက်ဆံ။ ၉။ Facebook ပေါ်မှာ ချစ်ကြိုက်ပြီး Date လုပ်တဲ့အခါ သတိထား။ ကိုယ့်အဖေ၊ ကိုယ့်အမေ၊ ညီမ၊ အစ်မ၊ အစ်ကို၊ မောင်တွေနဲ့ ချိန်းမိလျှက်သားဖြစ်ပြီး အရှက်ဗြန်းဗြန်းကွဲတတ်တယ်။ (ရိုင်းကောင်းရိုင်းမယ် ... အတော်များများ ဒါမျိုးဖြစ်နေကြလို့။) ၁၀။ Facebook ရှေ့မှာ ထမင်းမစား ရေမသောက်ဘဲ တစ်နေကုန် တစ်ညလုံး ထိုင်မနေနဲ့ သေတတ်တယ်။ ၁၁။ Facebook ပေါ်မှာတင်သမျှအကုန် လိုက်မယုံနဲ့ ရူးတတ်တယ်။ ၁၂။ Facebook ကနေထွက်ပြီး အပြင်လောကကိုကြည့်ပါ။ ကိုယ်ထင်တာတွေနဲ့ တခြားစီပဲဆိုတာ သိလိမ့်မယ်။ လောကကြီးက သာယာနေသေးတယ်ဆိုတာလည်း ပြန်ပြီးယုံကြည်လာလိမ့်မယ်။ (ကိုဇင်) ၂၀၁၃ ခုနှစ် ဇွန်လ ၃၀ ရက်။ (ပုဂံကွဲရှ၏ဝေါမှ ကူးယူဖေါ်ပြပါသည်။)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နှစ်ငါးရာ ကြာအောင် ရေခဲပြင်အောက်မှာ မြုပ်ကွယ်နေတဲ့ မိန်းကလေး

Myanmar Online News Friday, Augest 02, 2013 ကလေးမလေး ရဲ့ အရွယ်က ၁၁ ကနေ ၁၅ ကြားမှာ ရှိပါတယ်။ လွန်ခဲ့သော ၁၄၅၀ - ၈၀ ခုနှစ် တုန်းက ရေခဲပြင် အောက်မှာ နှစ်မြုပ်ခဲ့တာ လို့ ယူဆကြပါတယ်။ တွေ့ ရှိခဲ့သမျှထဲမှာတော့ အကောင်းဆုံး တွေ့ ရှိမှုလည်းဖြစ်ပါတယ်။ အပေါ်ယံ အရေပြားတွေ ကတော့ အေးခဲနေသောလည်း အတွင်း ကလီစာ တွေကတော့ အကောင်းအတိုင်း ရှိနေပါသေးတဲ့အတွက် စစ်ဆေးမှု တွေ ပြုလုပ်နေပါတယ်။ နှစ်ပေါင်း ၅၀၀ ကျော်လောက် ရေခဲပြင်အောက်မှာ နှစ်မြုပ်နေပေမယ့် သူ့ ရဲ့ ပုံကို ကြည့်ရတာ အိပ်ပျော်နေတဲ့ ကလေးငယ်လေးတစ်ယောက်လိုပါပဲ။ (Kaung Zay Yan)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ညီမလေးအတွက် စကားလက်ဆောင်

မိန်းကလေးဆိုတာ ပြင်ဆင်မှုအလှနဲ့ သဘာဝအလှဆိုပြီး နှစ်မျိုးရှိတယ်။ ပြင်ဆင်မှုအလှပာာ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့်ရှိတယ်။ သဘာဝ အလှကတော့ မိန်းကလေးတိုင်း ပိုင်ဆိုင်ခွင့် မရနိုင်ပါဘူး။ ပြင်ဆင်မှုကတော့ ပြောစရာမလိုပါဘူး။ သဘာဝအလှကတော့ နည်းနည်း ပြောချင်ပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကို အပျိုစင်အတိုင်း တည်ရှိနေခြင်းကသာ သဘာဝ အလှစစ်စစ်ပဲ ညီမလေး။ ခန္ဓာကိုယ် ဖွဲ့စည်းပုံပာာ တစ်ယောက်နှင့် တစ်ယောက် မတူကြပါဘူး။ တစ်ချို့မိန်းကလေးရဲ့ ဖွဲ့စည်းပုံပာာ ပိုပြီး စွဲမက်ဖို့ကောင်းပေမယ့် အဲ့ဒါက မြတ်နိုးထိုက်တဲ့ အလှမျိုး မပာုတ်သေးပါဘူး။ ယောက်ျားသားတိုင်းပာာ မိန်းကလေးတိုင်းရဲ့ အပျိုဂုဏ်ကိုပဲ တကယ်မြတ်နိုးကြတယ် ညီမလေး။ အပျိုစင် မိန်းကလေးမှာ မွေးရာပါ အလှပာာ သဘာဝအတိုင်း တည်ရှိနေတာကို ပြောတာပါ။ အိမ်ထောင်မကျမချင်း မိမိကိုယ်ကို ထိန်းသိမ်းတယ်ဆိုရင် သဘာဝ အလှကို ထိန်းသိမ်းတာပါပဲ။ နောက်တစ်မျိုးက ကိုယ်ကျင့်တရားအလှပါ။ ကိုယ်ကျင့်တရားကောင်းတဲ့ မိန်းကလေးပာာ မပြင်မဆင်ဘဲ အလိုလို လှနေတယ်ညီမလေး။ အဲ့ဒီအလှကို လူသားတွေတင်မပာုတ်ဘူး။နတ်တွေကပါ မြတ်နိုးချစ်ခင်ကြရတယ်။ အလှစစ်ပေါ့။သိပ်အရေးကြီးတဲ့အလှပါ။ ဒါကြောင့် လှချင်ရင် ကိုယ်ကျင့်တရားကောင်းအောင် ကြိုးစားရမယ်။ အပြုံးအလှ။ အပြုံးဆိုတာ အလှတစ်မျိုးပဲညီမလေး။ ပြုံးနေတဲ့လူပာာ အလိုလို လှနေတယ်။ ဘယ်လောက်လှတဲ့လူပဲဖြစ်ဖြစ် မဲ့နေရင် ချစ်စရာမကောင်းဘူး။ ဒါ့ကြောင့် အမြဲ ပြုံးနေနိုင်အောင်ကြိုးစားရမယ်။ ပေါကြောင်ကြောင် အခြောက်တိုက် ရယ်ခိုင်းနေတာမပာုတ်ပါဘူး။ ပြုံးရုံလေးပါပဲ။ ဒီလောက်ဆိုရင် မိန်းကလေးတစ်ယောက်ပာာ တကယ်ကို လှပနေပါပြီ။ နောက်မှဆက်ပြောပါ့မယ်။ အားလုံး အလှကိုယ်စီ ပိုင်ဆိုင်နိုင်ပါစေ။ အားလုံးကို ခင်မင်လျက် (ပြည်ငြိမ်း)

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဇီးကွက်

မလိုအပ်ရင်တော့ ထွက်မလာချင်တော့ဘူး
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်
ခင်ဗျားတို့ပဲ ကဗျာဆရာလုပ်ကြ
ခင်ဗျားတို့ပဲ စာရေးဆရာလုပ်ကြ
ခင်ဗျားတို့ပဲ နာမည်ကြီးကြ
ခင်ဗျားတို့ပဲ ကြယ်တောက်တမ်း ကစားကြ
ခင်ဗျားတို့ပဲ TV စခရင်တွေပေါ်ကနေ ကျေးဇူးတင်စကားပြောကြ
မျက်လုံးပြူးပေမဲ့ ကမ္ဘာကြီးကို စောင့်ကြည့်ဖို့
ဂျာနယ်လေး တစ်စောင် တလေတောင်
ကျွန်တော့်မှာ ပုံမှန် ၀ယ်မဖတ်နိုင်ခဲ့
ဒီမသာ ဒီလိုနဲ့ သေရမှာပါ
ဘာထူးဦးမှာလဲ
ခင်ဗျားတို့ပဲ ပညာသင်သွားကြ
ခင်ဗျားတို့ပဲ ရှော့ပင်းထွက်ကြ
ခင်ဗျားတို့ပဲ မင်္ဂလာဆောင်ကြ
ခင်ဗျားတို့ပဲ သတင်းစာမှာ ကြော်ငြာကြ
ခင်ဗျားတို့ပဲ အင်တာနက်သုံးကြ
ခင်ဗျားတို့ပဲ ဘောလုံးကန်ကြ
ခင်ဗျားတို့ပဲ စာချုပ်စာတမ်းတွေ လုပ်ကြ
ခင်ဗျားတို့ပဲ အင်တာဗျူးတွေ ခဏခဏ လုပ်ကြ။
ကမ္ဘာဟာ ရွာဖြစ်လာပြီ...ပြောကြပေမဲ့
တစ်ယောက်စာ နေရာကလေးတောင်
ကျွန်တော့်အတွက် ပိုပို ကျဉ်းလာရတယ်
ဒီမသာ ဒီလိုပဲ နေရဦးမှာပါ
ဘာထူးဦးမှာလဲ
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်။

 သာရလင်း

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အသစ်တင်ဆက်မှု


ကဗျာတစ်ပုဒ်ရဲ့အလှကို

စကားလုံးတွေနဲ့ ဖုံးကွယ်ခဲ့တယ်



ပန်းချီကားတစ်ချပ်ရဲ့အလှကို

ဆေးရောင်တွေနဲ့ ဖုံးကွယ်ခဲ့တယ်



သီချင်းတစ်ပုဒ်ရဲ့အလှကို

သံစဉ်တွေနဲ့ ဖုံးကွယ်ခဲ့တယ်



ဒီလိုပဲ

ငါဘ၀ရဲ့သမိုင်းကို

သက္ကရာဇ်တွေနဲ့ ဖုံးကွယ်ခဲ့ပြီး

ငါဘ၀ရဲ့လူသားဆန်မှုကို

အဘိဓမ္မာတွေနဲ့ ဖုံးကွယ်ခဲ့တယ်



ငါ့ဘ၀ရဲ့ တစ်ကိုယ်တော်ရူးသွပ်မှုရေ

ပုန်းအောင်းနေရာက ထွက်ခဲ့ပါတော့ . . .။

                                                                   နေမျိုး

                                                                   ၁၉၊ ၃၊ ၁၉၉၆

                                                                   ကြယ်များနဲ့အတူ ခေတ်ပေါ်ကဗျာစာအုပ်မှ

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိသားစု လိဒ်

ပွဲအစကတည်းက
မေမေဟာ . . . ဂိုးသမားတစ်ယောက်
လောကဓံရဲ့ ကန်ချက်ပြင်းပြင်းတွေကို
ပုံစံမျိုးစုံ ပုတ်ထုတ်ကာကွယ်ပေးခဲ့
မိသားစုအတွက် ပေးဂိုးမရှိ စံချိန်တင်ထားဆဲ
မာမာထန်ထန် မကစားနိုင်တဲ့ သားတို့အတွက်
အမေဟာ နောက်ဆုံးခံတပ်ကစားသမား
သက်လုံကောင်းတဲ့ မေမေဟာ
ကံကြမ္မာရဲ့ တိုက်စစ်အဖွင့်မှာ
တံတိုင်းတစ်ခုလို ခုခံ
ပြီးပြည့်စုံခြင်း ပျော်ရွှင်မှုတွေနဲ့
ကွင်းလယ်ကစားကွက်ကို
စီစဉ်တကျ အလှဆင်ပြန်သေးတယ်
ပတ်ဝန်းကျင် ကွင်းပြင်ကြီးထဲမှာ
အနိုင်ဂိုးတွေသွင်းနိုင်ဖို့
ရှေ့တန်းတိုက်စစ်က
ကျွန်တော်တဲ့လား
မေမေရေ . . .
မာယာများတဲ့ ကစားကွက်တွေထဲ
ခြေကုန်လက်ပန်း မကျသေးပေမယ့်
မိသားစုအတွက် ချပေးလိုက်တဲ့ ဖြတ်တင်ဘောတွေမှာ
ခုချိန်ထိ
သား . . . ဂိုးတွေမသွင်းနိုင်သေးဘူး မေမေ။

ညီမင်းဝေ

ကလျာ မတ် ၂၀၁၃

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS