Powered by Blogger.
Recent Comments Widget
RSS

ရင်မခုန်တတ်ဘူး


မိန်းမတွေထက်သစ္စာရှိတဲ့ရမ်
စီးကရက်နဲ့
မောင်ချောနွယ်လို အရက်သောက်တတ်သူ
ကဗျာချစ်သူ
ဖုန်ခါတဲ့လက်နဲ့
မျက်တောင်ခတ်ပြီး
ပိုးကောင်ကိုခါချလိုက်ပြီ
ဘယ်လိုပြောရမလဲ
ဘာသာစကားမလုံလောက်မှုမှာ
အသည်းကွဲခြင်းဟာ မလုံလောက်တော့
ခေါင်းခါ မျက်လုံးပင့်
ညီလေးရေ...
သွားယူတော့ကွယ်
မလောက်မငှနဲ့ နေထိုင်ရခက်မှုမှာ
ဘာမှမသိသေးတဲ့ ဘ၀ထဲတန်းစီရတော့မယ်
သေခြင်းတရားနဲ့
ငါတို့ဖက်ပြိုင်လို့ တော်ပြီ။
                   ကဗျာစာသား-မြတ်ဝေ
                   ကဗျာစပ်သူ-လင်းဆက်နောင်
                        ၂၀၀၆

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

0 comments:

Post a Comment