မလိုအပ်ရင်တော့ ထွက်မလာချင်တော့ဘူး
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်
ခင်ဗျားတို့ပဲ ကဗျာဆရာလုပ်ကြ
ခင်ဗျားတို့ပဲ စာရေးဆရာလုပ်ကြ
ခင်ဗျားတို့ပဲ နာမည်ကြီးကြ
ခင်ဗျားတို့ပဲ ကြယ်တောက်တမ်း ကစားကြ
ခင်ဗျားတို့ပဲ TV စခရင်တွေပေါ်ကနေ ကျေးဇူးတင်စကားပြောကြ
မျက်လုံးပြူးပေမဲ့ ကမ္ဘာကြီးကို စောင့်ကြည့်ဖို့
ဂျာနယ်လေး တစ်စောင် တလေတောင်
ကျွန်တော့်မှာ ပုံမှန် ၀ယ်မဖတ်နိုင်ခဲ့
ဒီမသာ ဒီလိုနဲ့ သေရမှာပါ
ဘာထူးဦးမှာလဲ
ခင်ဗျားတို့ပဲ ပညာသင်သွားကြ
ခင်ဗျားတို့ပဲ ရှော့ပင်းထွက်ကြ
ခင်ဗျားတို့ပဲ မင်္ဂလာဆောင်ကြ
ခင်ဗျားတို့ပဲ သတင်းစာမှာ ကြော်ငြာကြ
ခင်ဗျားတို့ပဲ အင်တာနက်သုံးကြ
ခင်ဗျားတို့ပဲ ဘောလုံးကန်ကြ
ခင်ဗျားတို့ပဲ စာချုပ်စာတမ်းတွေ လုပ်ကြ
ခင်ဗျားတို့ပဲ အင်တာဗျူးတွေ ခဏခဏ လုပ်ကြ။
ကမ္ဘာဟာ ရွာဖြစ်လာပြီ...ပြောကြပေမဲ့
တစ်ယောက်စာ နေရာကလေးတောင်
ကျွန်တော့်အတွက် ပိုပို ကျဉ်းလာရတယ်
ဒီမသာ ဒီလိုပဲ နေရဦးမှာပါ
ဘာထူးဦးမှာလဲ
တိတ်တိတ်လေးပဲ ပုန်းနေလိုက်တော့မယ်။
သာရလင်း
ဇီးကွက်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment